Friday, May 10, 2013
မိုအ်မင်န်
အလ်ဟမ်ဒုလိလ်လာ
ALLAH အရှင်ရဲ့ အသနားတော်ပဲ ဖြစ်ပါတယ်။ALLAH ကကျွန်တော်တို့ ကိုအီမာန်ရှင်အဖြစ်နဲ့ မွန်မြတ်လှတဲ့ ကလေမဟ်တော်ကို ချီးမြင့်ပြီး လောကကို စေလွှတ်တော်မူတယ်။ ALLAH ကိုမြောက်များစွာ ကျေးဇူးတင်ရမှာ ဖြစ်တယ်။နောက်တခုက ALLAH က တမန်တော်မြတ်(စွ)ရဲ့ နောက်လိုက် တစ်ယောက်တိုင်း တစ်ယောက်တိုင်းကို ခလီဖာဟ်(ခေါင်းဆောင်)ဘွဲ့ကို ချီးမြှင့်ပြီးတော့ စေလွှတ်တော်မူတယ်။ဘယ်နဗီရဲ့ နောက်လိုက်မှ ဒီဘွဲ့ထူးကို ချီးမြှင့်ခြင်းကို မခံရဘူး။ဒါကြောင့် ဒီနောက်လိုက်တွေကို အမွန်မြတ်ဆုံး ဖြစ်တယ်လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ALLAH ကိုယ်တိုင်ကမိန့်မြွက်တော်မူထားတယ်။အဓိက က ဒီနောက်လိုက်တွေဟာ နဗီတွေလုပ်တဲ့ ဒါအ်ဝါသ်(သာသနာဘက်ကို ဖိတ်ခေါ်ခြင်း)အလုပ်ကို လုပ်ခွင့်ပေးခဲ့ပါတယ်။အဲဒါကြောင့် ကျွန်တော်တို့ တစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ ခလီဖာဟ်(သာသနာ့ ခေါင်းဆောင်)တွေ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment