Saturday, May 11, 2013
ရှဟီဒီ
ဘ၀ ပုံစံမှာအဆင့် ၅ဆင့် ရှိတယ်။
ပထမ အဆင့်ဘ၀ ကတော့ ကျုပ်တို့ အခု ကြုံနေရသလိုမျိုးပေါ့။တိကျတဲ့ ဘောင် ကန့်သတ်ချက်တွေနဲ့
စည်း သတ်မှတ်ထားခြင်းခံရတယ်။စားချိန်တန် စား၊ အိပ်ချိန်တန် အိပ်၊ စသည်ဖြင့်ပေါ့၊ နေရာတစ်ခုကို
သွားဖို့အစီးအနင်း (ကား၊ ရထား) တို့ရဲ့ အကူအညီတွေ လိုတယ်။ သာမန် သူတွေရဲ့ ဘ၀ ပေါ့။
ဒုတိယ အဆင့်ဘ၀ ကတော့ ခိဇိရ် နဲ့ အိလိဂျာ တို့ရဲ့ ဘ၀ တွေထဲမှာ ထင်ရှား တွေ့ကြရတယ်။ ဒီ အဆင့်
က သူတွေကျတော့ နေရာဒေသ အမျိုးမျိုးမှာ တစ်ချိန်တည်း ရှိနေကြတယ်။ဘောင် ကန့်မထားဘူး။
သူတို့က အာသာဆန္ဒ ကင်း နေကြတယ်။ သူတော်စင်တွေရဲ့ အတွေ့အကြုံတွေကဒီ အဆင့် ရှိနေမှုကို
သက်သေ ထူနေတယ်။ ၀လီ သူတော်စင်တွေ နာမ်ပိုင်း ခရီးစဉ်မှာ ပေါက်မြောက် သွားခဲ့ရင် ခိဇိရ်နဲ့
တွေ့ဖွယ်ရှိပြီးသူ့ထံက တိုက်ရိုက် ညွှန်ကြားချက်ကို ရနိုင်သတဲ့။
တတိယအဆင့်ဘ၀ ကတော့ အီဆာနဗီ (ယေရူ ခရစ်) နှင့် အီလီယားစ် နဗီတို့ရဲ့ ဘ၀တွေမှာ ထင်ရှား
တွေ့မြင်နိုင်ပါတယ်။လူ့ဘ၀ရဲ့ လိုအပ်ချက်တွေနဲ့ ကင်းလွတ်ပြီး ကောင်းကင်ဘုံမှာ ရှင်သန်နေကြတယ်။
ဘ၀ရဲ့ စတုတ္ထအဆင့်
ဒီ အဆင့်ကတော့ “ရှဟီဒီ” ဆိုတဲ့သာသနာ့ အာဇာနည်တွေရဲ့ ဘ၀ ပဲ ဖြစ်တယ်။
ရိုးရိုးသေသွားတဲ့ သူတွေထက် ရှဟီဒီ တွေမှာ ပိုပြီး မြင့်မားတဲ့ ဘ၀ အဆင့်မျိုးရှိတယ်လို့ ကုရ်အာန်ကျမ်း
တော်ထဲမှာပါရှိတယ်။ အနန္တ စွမ်းအားတော်ရှင်က သူတို့ တစ်တွေကို လောကီဘ၀နဲ့ ဆင်တူတဲ့
ကြားဘ၀ တစ်ခုကိုချီးမြှင့်ပေးထားတယ်။ သူတို့အတွက် ဒုက္ခဆင်းရဲဆိုတာ မရှိဘူး။
ရှဟီဒီတွေကသေခြင်းရဲ့ အရသာကို မခံစားကြရဘူး။ သူတို့ကိုယ် သူတို့ သေပြီ ဆိုတာတောင်
မသိကြဘူး။ပိုမို ကောင်းမွန်တဲ့ ကမ္ဘာ တစ်ခုမှာ ပြောင်းရွှေ့ ရောက်ရှိနေပြီး လုံးဝ သုခချမ်းသာတွေ
ရရှိ ခံစားနေရတယ်လိုပဲ သူတို့ ထင်နေကြတယ်။ ရိုးရိုးသေတဲ့ သူတွေက သူတို့သေနေတယ် ဆိုတာ
ကို သိနေပေမယ့်ရှဟီဒီတွေကတော့ မသိကြဘူး။ (ဥပမာ ပြောရရင်- အိပ်မက် တစ်ခုမှာ လူ နှစ်ဦးက
သုခဘုံ တမျှလှပတဲ့ နန်းတော် တစ်ခုထဲမှာ ရှိနေကြတယ်။ တစ်ဦးကတော့ နဲနဲပဲ ပျော်ရွှင်တယ်။ ဒါက
အိပ်မက်ပဲလို့သူ သိနေလို့ပဲ။ အိပ်ရာက နိုးတာနဲ့ ပျောက်သွားမှာ မို့လို့ပေါ့။ ဒါပေမယ့် နောက်တစ်ဦး
ကတော့ သူအိပ်မက် မက်နေပါလား ဆိုတာကို မသိဘူး။ အဲဒါကြောင့်အသားကုန် ပျော်ရွှင်နေနိုင်တယ်)
ကြားခံဘ၀မှာရိုးရိုးသေသူတွေ ခံစားရတဲ့ သုခတွေက ရှဟီဒီတွေခံစားရတဲ့ သုခတွေနဲ့ နှိုင်းယှဉ်ရင်
မဆိုစလောက်ပါပဲဗျာ။
ဘ၀ရဲ့ ပဉ္စမအဆင့်ကတော့ ရိုးရိုး သေသူတွေရဲ့ ၀ိညာဉ်လောကအဆင့်ပဲ ဖြစ်ပါတယ်။
သေသူတွေကကျုပ်တို့ကို အိပ်မက်ထဲမှာ လာဆက်သွယ်တာတို့၊ နိုးကြားနေချိန်မှာတောင် လာ ဆက်သွယ်
တာတို့က ဒီဘ၀ရဲ့ သက်သေ တစ်ခုပေါ့။
အထက်ဖော်ပြပါများက တူရကီလူမျိုး အစ္စလာမ့် ပညာရှိကြီး “စအီးဒ် နူရ်စီ ” ရဲ့
“ရေစာလာအေ့နူ်းရ်”ကျမ်းကြီး ထဲမှာ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့အစ္စလာမ်မှာ သေတယ်ဆိုတာ “အမင်္ဂလာ” မဟုတ်ပါဘူး။တကယ်တော့ နေရာ ဌာန
ပြောင်းသွားခြင်းပါ။ လောကီ တာဝန်တွေကနေ လူတစ်ဦး ကင်းလွတ်တာမျိုးပေါ့။ ထာဝရတည်နေမဲ့
ဘ၀ ကို ဖတ်ခေါ်မှုလို့လဲဆိုနိုင်ပါတယ်။ သေခြင်းဆိုတာလဲ မဟာ ကရုဏာတော်ရှင် အလ္လာဟ်ရဲ့
ကရုဏာ တွေထဲက တစ်ခုပါပဲ။ သေခြင်း သာမရှိရင် ကျုပ်တို့ အသက်အရွယ် အိုမင်းလာတာနဲ့
အမျှ ဘ၀ရဲ့ ခက်ထန် ကြမ်းတမ်းမှုကို ခံစားကြရမယ်လေ။ ကျုပ်တို့ မျက်စိ ရှေ့မှာတင်ပဲ
မိဘတွေနဲ့အဖိုးအဖွားတွေက ရောဂါ အစုံစုံ၊ ဆင်းရဲ ဒုက္ခအဖုံဖုံနဲ့ နေကြ ရမှာပေါ့ဗျ။
ဒါကြောင့်သေခြင်းဆိုတာ ကောင်းချီး မင်္ဂလာ တစ်ပါး ပဲ။ အဲဒီ ထဲမှာမှ ရှဟီဒီ တွေရဲ့
သေခြင်းဆိုတာအမွန်မြတ်ဆုံးပဲပေါ့။ ရှဟီဒ် ဖြစ်သွားတဲ့ ကျွန်တော်တို့ရဲ့ညီနောင်တွေက သေဆုံး
သွားခြင်းမဟုတ်ပါဘူး။ အရှင်မြတ်က သူတို့က ဒုက္ခတွေမရှိပဲ ပကတိ ပျော်ရွှင်မှု အပြည့်ရှိတဲ့
နေရာဌာန တစ်ခုကိုရွေ့ ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ ထာဝရ ရှင်သန်နေမှာပါ။
(အင်ရှာအလ္လာဟ်- တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ရှဟီဒီတွေကို အရှင်မြတ်မြင့်မားတဲ့ အဆင့်အတန်း ထားရှိတော်
မှုပါစေ ။ အာမီန်း )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment