Saturday, May 11, 2013
မဖတ်မနေဖတ်သင်.သည်. အစ္စလာမ်အမေးအဖြေများးးးးးးး
အစ္စလာမ်မို.အလိုင်းကွမ်း ဒီစာအားဖတ်ရှုသူများအား ကြွယ်ဝသော အသိဥာဏ်အေလင် ကို အလ္လာဟ်ရှင် ချီးမြင်.တော်မူပါစေ............
အပိုင်း (၁)
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?
၁. [ဖြေ] - လူသားသည် ပင်ကိုယ်သဘာဝအရ မိမိဘာသာ လွတ်လပ်စွာ ရပ်တည် နိုင်သော
သဘောမရှိချေ။ သူ၏ရပ်တည်မှုအတွက် ပတ်ဝန်းကျင်ဖြစ်သော နေ၊ လေ၊ ရေ၊ မြေကြီး စသောအရာများကို မှီခိုရသည်။ နေ၊လေ၊ရေ၊မြေကြီးစသော အရာများသည် မြဲသော သဘောမရှိ။ မမြဲသောအရာများအပေါ်မှီခိုရသော လူသားသည်လည်း မမြဲ။ ထို့ကြောင့် ထာဝရတည်မြဲသော ဘုရားသခင် အလ္လာဟ်ရှင်သည် မမြဲသောနေရပ်တစ်ခု၌ ရှိရမည်ဟု မှတ်ထင်ခြင်းမှာ အကျိုးအကြောင်း မဆီလျော်ချေ။ အချိန်၊ နေရာ (သို့) အာကာသ၊ ကောင်းကင်၊ မြေကြီး စသည်တို့သည် ဖန်ဆင်းခံ သာဖြစ်၏။ သို့ဖြစ်ရာ ဖြစ်တည်စေသူ အလ္လာဟ်ရှင် သည် ဖန်ဆင်းခံတစ်ခုခုအတွင်း၌ ရှိရမည် ဆိုသည်မှာ ယုတ္တိမရှိချေ။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ တွေးခေါ်သော နေရာဌာန၌မရှိ။ ထို့ကြောင့် အလုံးစုံကို ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်သည် မမြဲသောကောင်းကင်နှင့်မြေကြီးအပေါ် မှီခိုမနေဘဲ ယင်းတို့ကို မဖန်ဆင်းခင်ကပင် တည်ရှိနေ၏။
၂. အလ္လာဟ်ရှင် ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။
၂. [ဖြေ] - ဖန်ဆင်းခြင်းသည် အလ္လာဟ်ရှင်မှလွဲ၍ စကြဝဠာခပ်သိမ်း၌ မည်သူထံတွင်မှ မရှိသော အရာဖြစ်သည်။ လူသည် တီထွင်မှု (invent) လုပ်သည်။ သို့သော် သူတီထွင် လုပ်ကိုင်သမျှ အရာအားလုံးသည် နိယာမဥပဒေသအားဖြင့် ရှိပြီးသားဖြစ်သည်။လူသည်ဖော်ထုတ် တွေ့ရှိရုံမျှ ဖြစ်သည်။ ဥပမာအားဖြင့် လျှပ်စစ်မီးသီးပြုလုပ်သော နည်းပညာသည် ရှိပြီးသားဖြစ်၏။ အက်ဒီဆင် (Edison) သည် ၎င်းနည်းပညာကို ရှာဖွေတွေ့ရှိသူသာဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဗုဒ္ဓသည် သစ္စာတရားကို တွေ့ရှိသူသာဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်း သဘောသည် ဖန်ဆင်းခံတို့နှင့် လုံးဝ ကွဲပြားခြားနားမှု ရှိသည်။ ဖန်ဆင်းရှင် ဟူသည် အကြောင်း အရာအားလုံး၏ အစကနဦးအကြောင်းကို ပြုလုပ်သူ (Creator) ပင်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းသူကို ထပ်မံဖန်ဆင်းခြင်းရှိခဲ့ရမည်ဟူသော အတွေးမှာ အဓိပ္ပာယ်မရှိချေ။ ဖန်ဆင်းခြင်း မခံရသူအဖို့ အတ္ထုပ္ပတ္တိ လည်းမလိုချေ။
၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ်လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီးအပါအဝင်ပေါ့) ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား ၊ ကိုရန် ကျမ်းစာ အထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။
၃. [ဖြေ]- ကျမ်းမြတ်ကိုရန်သည် ၎င်းနှင့်ကိုက်ညီသော ရှေးကျမ်းများ၏ အဆိုကို လက်ခံပါသည်။ အကြောင်းမှာ ကိုရန်ကျမ်းသည် ရှေးကျမ်းများကို ထောက်ခံသောကျမ်းဖြစ်သည်။ "…ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။…" (ကျမ်းမြတ်ကိုရန် -အခန်း ၅၊ အပိုဒ် ၄၈)။ "လူမျိုးတိုင်းအတွက် တရားဓမ္မ ဟောကြားသော တမန်တော် တစ်ပါးစီ ရှိ၏။" (ကျမ်းမြတ်ကိုရန် - အခန်း ၁ဝ၊ အပိုဒ် ၄၇)။ လူမျိုးတိုင်းကို သူတို့နှင့် သက်ဆိုင်သော ဘာသာစကားအားဖြင့် တမန်တော်များ စေလွှတ်ခဲ့ခြင်းကြောင့် အသီးတစ်ရာ အညှာတစ်ခုပမာ အလ္လာဟ်ရှင်မြတ်ကိုပင် God ၊ Jehova ၊ Brahman (မဟာဗြဟ္မာ)၊ မိုးနတ်မင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာစကားဖြင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာအပါအဝင် စကြာဝဠာခပ်သိမ်းကို အလ္လာဟ်ရှင် တစ်ပါးတည်းက ဖန်ဆင်း ခဲ့ပါသည်။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
၎.[ဖြေ]- လူ့လောကတွင် ရုပ်ဆင်းအင်္ဂါ လှပပြည့်စုံသူ၊ ရုပ်ဆင်းအင်္ဂါမပြည့်စုံ ချို့ယွင်းအကျည်းတန်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ဉာဏ်ပညာကြီးမားသူ၊ ဉာဏ်ပညာနည်းပါးသူ စသည်ဖြင့် ကွဲပြားခြားနားမနေဘဲ အားလုံးသည် တပြေးညီတည်း ချမ်းသာပြည့်စုံနေပါက ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ အကြင်နာတရား၊ ဥပေက္ခာတရား၊ မုဒိတာတရား၊ ဂါရဝတရား၊ အလှူဒါနတရား စသည် များမကျင့်သုံးနိုင်တော့ပါ။ ထိုသို့ အနိမ့်အမြင့် ကွဲပြားခြားနားစွာ ဖန်တီး ထားမှသာလျှင် ထိုတရားမြတ်၊ တရားကောင်းများကို တစ်ဦးအပေါ်တစ်ဦး ကျင့်သုံးနိုင်ပြီး လူသား သည် သူတော်သူမြတ်၊ သူတော်ကောင်းများ ဖြစ်ပေါ်လာနိုင်ပါမည်။ ထိုသို့ဖြစ်ပေါ်လာစေရန် တန်ခိုးတော် အနန္တ၊ ဉာဏ်တော်အနန္တဖြင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင် ဖန်ဆင်းရှင်က လူ့လောက၌ စမ်းသပ်စစ်ဆေးရန် မတူမညီ ကွဲပြားခြားနားစွာ ဖန်တီးထားရခြင်းဖြစ်ပါသည်။
၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျှော်ကိုးပြီး ဖန်ဆင်းပါသနည်း?
၅.[ဖြေ]- အလ္လာဟ်ရှင်သည် ပရမတ္ထဖြစ်သည်။ လူသည် အနတ္တဖြစ်၏။ အနတ္တသဘောမှာ ပရမတ္ထအလိုကို နာခံရခြင်း၊ ကိုယ့်အလိုအတိုင်းမဖြစ်ဘဲ သူ့အလိုအတိုင်းဖြစ်ရခြင်းကို ခေါ်သည်။ အလ္လာဟ်ရှင်သည်ကမ္ဘာအပါအဝင် စကြာဝဠာတစ်ခုလုံးကို လူသားအကျိုးအတွက်သာ မျှော်ကိုးပြီး ဖန်ဆင်းတော်မူ၏။ လူသားကို အလ္လာဟ်ရှင်မြတ်အား ကိုးကွယ်ဝတ်ပြုရန် ဖန်ဆင်း တော်မူခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ကမ္ဘာသည် လူ့လောကလူ့ဘုံဖြစ်၍ လူသားမွေးဖွား ရှင်သန်နေထိုင်ရန် ဝတ္ထုပစ္စည်း သယံဇာတအပြည့်အစုံဖြင့် သဟဇာတဖြစ်စွာ အကျိုးပြုသော ဂုဏ်ဒြပ်ရှိသကဲ့သို့ ကမ္ဘာ၏နမူနာကိုယူ၍ လူသားသည် လူသားအချင်းချင်း အပေါ်အကျိုးပြုတတ်ရန် မျှော်ကိုးပြီး ကမ္ဘာကို အလ္လာဟ်ရှင်က ဖန်ဆင်းထားခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment